Property Seeker Myanmar

Most Trusted Property Reviews

လောင်စာဆီမှားယွင်းထည့်မိခြင်း

လောင်စာဆီမှားယွင်းခြင်းဓါတ်ဆီကားအင်ဂျင်အတွက် လောင်စာဆီအဖြစ် 92, 95, 97 အစရှိတဲ့ ဓါတ်ဆီကို အသုံးပြုကြသလို ဒီဇယ်ကားအင်ဂျင်တွေအတွက် လောင်စာဆီကို ရိုးရိုးဒီဇယ်၊ ပရီမီယံဒီဇယ် အစရှိတဲ့ လောင်စာဆီတွေကို အသုံးကြပါတယ်။ ဒီဇယ်ကားအင်ဂျင်အတွက် ဒီဇယ်လောင်စာဆီအသုံးပြုပြီး ဓါတ်ဆီကားအင်ဂျင်အတွက် ဓါတ်ဆီလောင်စာဆီကို အသုံးပြုကြတယ်ဆိုတာကတော့ ကားမောင်းနှင်သူတိုင်း သိပြီးသားဖြစ်ပါတယ်။ဒါပေမယ့် တခါတလေ အမှတ်တမဲ့ ဒီဇယ်ကားမှာ ဓါတ်ဆီမှားထည့်မိတာ (သို့မဟုတ်) ဓါတ်ဆီကားမှာ ဒီဇယ်မှားထည့်မိတာကို ဖြစ်ဖူးကြပါတယ်။ ဒီလိုမှားယွင်းမှုဖြစ်သွားတဲ့အခါ ကားဝပ်ရှော့မှာ ဆီတိုင်ကီချပြီး ဆီအားလုံးဖေါက်ထုတ်ရပါတယ်။…

အော်တိုဂီယာမှာပါဝင်တဲ့ P, R, N, D, S, L တို့အကြောင်း တစေ့တစောင်း

အော်တိုဂီယာ မောင်းတတ်ခါစ ယာဉ်မောင်းအချို့သည် အခြေခံအနေနဲ့ P ကို ကားရပ်ထားချိန်၊ R က နောက်ဆုတ်ရန်အတွက် N ဆို ဖရီး မီးပွိုင့်စောင့်ချိန်မျိုးသုံး၊ D ထိုးရင်မောင်းလို့ရပြီ လို့ပဲအလွယ်မှတ်ထားလေ့ရှိကြပါတယ်။ တကယ်လည်း ဒီအတိုင်းမောင်းနှင်ရတာ အဆင်ပြေနေတော့အများစုက ကျန်ဂီယာတွေကို သတိမထားမိတတ်ကြပါဘူး။ဒါကြောင့် ဘယ်လိုအချိန်မှာ ဘယ်ဂီယာနဲ့ အသုံးပြုရမလဲဆိုတာကို သတိမထားမိသူများအတွက် Gear Shift Lever (ဂီယာတံ) မှာပါဝင်တဲ့စာလုံးတွေရဲ့အဓိပ္ပါယ်နဲ့ အသုံးပြုပုံ အကျဉ်းချုပ်လေးတွေကို‌ ဖော်ပြပေးလိုက်ပါတယ်။…

ပုံစံ ၁၀၅ ဆိုတာဘာလဲ ။ ပုံစံ ၁၀၅ နဲ့ မြေယာအရောင်းအဝယ် လုပ်နေကြတာ တရားဝင်ပါသလား ။ ပိုင် ဆိုင်မှုခိုင်မာပါသလား

ပုံစံ ၁၀၅ ကို ရောထွေးတဲ့ အမြင်ရှိပါတယ်။ ပုံစံ ၁၀၅ က မြေသိမ်းလို့မရသလို မြေပိုင်ဆိုင်မှုမှတ်တမ်း လို့ လည်း ပြောလို့မရပါဘူး။ ရှင်းရှင်းပြောရရင်တော့ မြေခွန်မိတ္တူမျှသာ ဖြစ်ပါတယ်။ မြေစရင်းဌာနမှာ ရှိတဲ့ စာတမ်း တွေ ကို အပြင်မှာမိတ္တူကူးခွင့်ပေးပါတယ်။ ပေးတဲ့ အခါမှာ နှစ်မျိုးရှိပါတယ်။ သက်သေခံတဲ့ မိတ္တူနဲ့ သက်သေမခံတဲ့ မိတ္တူဆိုပြီးနှစ်မျိုးရှိပါတယ်။ သက်သေခံမိတ္တူဆိုတာက သက်ဆိုင်ရာသူတစ်ယောက်က ဒီမြေတော့ ဘယ် လောက်…

စက်သံကြမ်းခြင်း (သို့) အင်ဂျင်သံကြမ်းခြင်း

နည်းပညာမြင့်လာတာနှင့်အမျှ ကားအင်ဂျင်များရဲ့ စွမ်းဆောင်ရည်တိုးတက်အောင် တီထွင်လာခဲ့ကြသလို အင်ဂျင်မှ ထွက်တဲ့အသံကိုလည်း ညင်သာအောင် (အသံလျော့အောင်) ဖန်တီးလာကြပါတယ်။ ဒါ့ကြောင့် တစ်ချို့ကားအင်ဂျင်တွေဆိုရင် စက်နှိုးထားပေမယ့် စက်သံက တိုးတိုးလေးသာကြားရပါတယ်။ ဒီဆောင်းပါးမှာ ဓါတ်ဆီအင်ဂျင်တစ်လုံးအတွက် စက်သံကြမ်းခြင်း (သို့) အင်ဂျင်သံကြမ်းခြင်း ဖြစ်ရတဲ့ အဖြစ်အများဆုံးပြစ်ချက်များကို ဗဟုသုတအဖြစ် မျှဝေပေးချင်ပါတယ်။ ၁) အင်ဂျင်အစိတ်အပိုင်းများ ပျက်စီးခြင်း – အင်ဂျင်ရဲ့အတွင်းထဲမှာ လည်ပတ်လှုပ်ရှားနေတဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ ဗားများ၊ ပစ်စတင်များ၊ ကော်နပ်တင်းရော့များ၊ ကရိုင်းရှပ်…

” Thailand Retirement Visa” လျှောက်ထားဖို့အတွက် သတ်မှတ်ထားတဲ့ အချက်အလက်များ

” Thailand Retirement Visa” ဟာဆိုရင် အငြိမ်းစားယူပြီးတဲ့နောက်ပိုင်းရေရှည်နေထိုင်ချင်တဲ့သူတွေအတွက် ရေပန်းအစားဆုံး ဗီဇာအမျိုးအစားတစ်မျိုးဘဲဖြစ်ပါတယ်။ ဒါ့အပြင် ” Thailand Retirement Visa ” အမျိုးအစားဟာ Non-Immigrant O Visa ( ဒါမှမဟုတ် ) Non-Immigrant OA Visa အမျိုးအစားရဲ့ ထပ်တိုးဗီဇာအမျိုးအစားတစ်မျိုးဘဲဖြစ်ပါတယ်။ ” Thailand Retirement Visa” လျှောက်ထားဖို့အတွက် သတ်မှတ်ထားတဲ့ အချက်အလက်လေးတွေရှိပါတယ်။ အဆိုပါအချက်အလက်တွေကတော့…

ကားအလိုင်းမင့်ချိန်ဖို့ ဘာကြောင့်လိုအပ်တာလဲ

မော်တော်ကားတစ်စရဲ့ အလိုင်းမင့် (Wheel Alignment) မှာ အဓိကအားဖြင့် ကမ်ဘာ (Camber)၊ တိုး (Toe) ၊ ကာစတာ (Caster) ဆိုပြီး (၃) မျိုးရှိပါတယ်။ ကမ်ဘာမှာ အနုတ် (Negative) ကမ်ဘာ နဲ့ အပေါင်း (Positive) ကမ်ဘာဆိုပြီး ရှိသလို တိုး မှာလည်း တိုးအင် (IN) နဲ့ တိုးအောက် (OUT) ဆိုပြီးရှိပါတယ်။ အဲ့ဒီလိုဘဲ…

စုံမီး (ခေါ်) Hazard Light ကို ဘယ်အချိန်တွေမှာ အသုံးပြုရမလဲ

ကားမောင်းတဲ့အခါ တချို့ ကားဆရာများဟာ လမ်းစုံလမ်းခွတွေမှာ တည့်တည့်သွားမည်ဆိုပါက စုံမီး (ခေါ်) Hazard Light ကို ပြသလေ့ရှိပါတယ်။ ဒါက အမှတ်မှားလေ့ရှိတဲ့ အလေ့အကျင့် တစ်ခုကြောင့် ဖြစ်နိုင်ပါတယ်။ ထိုကဲ့သို့မျိုး မမှားရအောင် စုံမီး (ခေါ်) Hazard Light ကိုမှန်ကန်စွာ အသုံးပြုနည်းအား ဖော်ပြပေးလိုက်ပါတယ်။ နိုင်ငံတကာ စံနှုန်းများအရ လမ်းဆုံ လမ်းခွများ၌ဖြစ်စေ၊ ကုန်းတက်၊ ကုန်းဆင်းများ၌ဖြစ်စေ၊ တည့်တည့် မောင်းနှင်မည့် ကားများသည်…

ကားနဲ့ပတ်သတ်ပြီး ဆောင်ရန် ၊ ရှောင်ရန်မျာ

၁။ ကားစက် စနှိုးမယ် ဆိုရင် (၃)ခါထက်ပိုပြီး မရမခြင်း တကျိကျိနဲ့ မနှိုးပါနဲ့ ဘက်ထရီ ကြောင့်လား ? ✅starter motor ကြောင့်လား ဆီကုန်နေတာလား? သိတဲ့လူနဲ့ တိုင်ပင်ပါ။ အလွယ်နည်းလုပ်ကြတာတော့ ဟွန်းတီးကြည့်လို့ အသံကျယ်တယ်ဆိုရင် battery ကောင်းတယ်ပေါ့။ (ဟွန်းတော့ကောင်းရမယ်) ၂ ။ ကားစက်နှိုးပြီးတာနဲ့ ချက်ချင်း ဂီယာထိုးပြီး တန်းမထွက်ပါနဲ့ 10~15 sec (၁၀ မှ ၁၅…

ရိုးရာမဲ့ Bank of China Tower ဗိသုကာဒီဇိုင်းဂယက်

ဟောင်ကောင်မှာ တရုတ်မိရိုးဖလာ ရှေးရိုးရာ ဖန်းဆွေ အစဉ်အလာ အယူအဆတွေကို အရမ်းဂရုစိုက်ကြတယ်။ စီးပွားရေးလုပ်ငန်းတွေကအစ အဆောက်အဦဒီဇိုင်းထုတ်ရင် ဖန်းဆွေဆရာ မာစတာနဲ့ တိုင်ပင်ဆွေးနွေး အကြံဉာဏ် ယူပြီး ဗိသုကာ ဒီဇိုင်း ထုတ်ကြတယ်။ Bank of China Tower က ဖန်းဆွေကို အရေးမလုပ်ဘူးလို့ ဆိုတယ်။ ဗိသုကာ I.M. Pei က ဖန်းဆွေမာစတာနဲ့ တိုင်ပင်ခြင်း မရှိဘဲ ဒီဇိုင်း ထုတ်ပေးခဲ့လို့…

ရန်ကုန်မြို့ရဲ့အကောင်းဆုံး River View Condo Project

         Emerald Bay Condo Project ကို Yangon Golden Paragon company မှတာဝန်ယူ Develop လုပ် တဲ့ Porject ဖြစ်ပါတယ်။ Yangon Golden Paragon company ကို Singapore Golden Paragon Co.,Ltd နဲ့မြန်မာနိုင်ငံ တက်လမ် company တို့ပူးပေါင်းပြီး  တည်ထောင်ထားနဲ့ Company လဲဖြစ်ပါတယ်။ Project Area :…

Back to top