ကားမောင်းတဲ့အခါ တချို့ ကားဆရာများဟာ လမ်းစုံလမ်းခွတွေမှာ တည့်တည့်သွားမည်ဆိုပါက စုံမီး (ခေါ်) Hazard Light ကို ပြသလေ့ရှိပါတယ်။ ဒါက အမှတ်မှားလေ့ရှိတဲ့ အလေ့အကျင့် တစ်ခုကြောင့် ဖြစ်နိုင်ပါတယ်။ ထိုကဲ့သို့မျိုး မမှားရအောင် စုံမီး (ခေါ်) Hazard Light ကိုမှန်ကန်စွာ အသုံးပြုနည်းအား ဖော်ပြပေးလိုက်ပါတယ်။
နိုင်ငံတကာ စံနှုန်းများအရ လမ်းဆုံ လမ်းခွများ၌ဖြစ်စေ၊ ကုန်းတက်၊ ကုန်းဆင်းများ၌ဖြစ်စေ၊ တည့်တည့် မောင်းနှင်မည့် ကားများသည် မည်သည့် အချက်ပြကိုမျှ ပြရန် မလိုအပ်ပါ။
- လမ်းမပေါ်၌ ကားပျက်နေစဉ်
- ခေတ္တရပ်၍ ပစ္စည်းတင်/ချ ပြုလုပ်နေစဉ်
- ကားဘီးပေါက်၍ လဲလှယ်ရန် Jack ဖြင့်ထောက်မထားစဉ်
- စက်ပျက်နေသော ကားကို ဆွဲခေါ်လာစဉ်
- တစ်ဖက်ပိတ်လမ်း၏ အဆုံး၌ ရပ်ထားစဉ်ချောက်ကမ်းပါးနှင့် နီးကပ်သော နေရာ၌ ရပ်နားထားစဉ်
- အန္တရာယ်ဇုန်အနီး၌ ရပ်ထားစဉ်
- အရေးပေါ် ထိခိုက်ဒဏ်ရာ ရထားသူကို ကူညီတင်ဆောင်လာစဉ်
- မီးငြိမ်းသတ်ရန် မောင်းနှင်လာစဉ်
- မီးလောင်ပေါက်ကွဲနိုင်သော ပစ္စည်းများ တင်ဆောင်မောင်းနှင်လာစဉ်
- တိရ စ္ဆာန်များ တင်ဆောင်မောင်းနှင်လာစဉ်
- ထုထည် ကြီးမားကျယ်ပြန့်သော စက်ပစ္စည်းများ တင်ဆောင်မောင်းနှင်လာစဉ်
- ယန္တရားများ လုပ်ငန်းဆောင်ရွက်နေစဉ်
- အုပ်စုအလိုက် ယာဉ်တန်းဖြင့် မောင်းနှင်လာစဉ်
- ဘေးအန္တရယ် ကျရောက်နေသော နေရာအနီးမှဖြတ်၍ ဖြည်းညှင်းစွာ မောင်းနှင်နေစဉ်
- လုံခြုံရေးအခြေအနေအရ အရေးကြီးပုဂ္ဂိုလ်၏ ယာဉ်ကို စောင့်ရှောက် လိုက်ပါမောင်းနှင်လာသည့် အခြေအနေများတွင်သာအသုံးပြုရမည် ဖြစ်ပါသည်
- crd. Carthadinsone
What’s your Reaction?
+1
327
+1
2.4k
+1
+1