လောင်စာဆီမှားယွင်းခြင်းဓါတ်ဆီကားအင်ဂျင်အတွက် လောင်စာဆီအဖြစ် 92, 95, 97 အစရှိတဲ့ ဓါတ်ဆီကို အသုံးပြုကြသလို ဒီဇယ်ကားအင်ဂျင်တွေအတွက် လောင်စာဆီကို ရိုးရိုးဒီဇယ်၊ ပရီမီယံဒီဇယ် အစရှိတဲ့ လောင်စာဆီတွေကို အသုံးကြပါတယ်။ ဒီဇယ်ကားအင်ဂျင်အတွက် ဒီဇယ်လောင်စာဆီအသုံးပြုပြီး ဓါတ်ဆီကားအင်ဂျင်အတွက် ဓါတ်ဆီလောင်စာဆီကို အသုံးပြုကြတယ်ဆိုတာကတော့ ကားမောင်းနှင်သူတိုင်း သိပြီးသားဖြစ်ပါတယ်။ဒါပေမယ့် တခါတလေ အမှတ်တမဲ့ ဒီဇယ်ကားမှာ ဓါတ်ဆီမှားထည့်မိတာ (သို့မဟုတ်) ဓါတ်ဆီကားမှာ ဒီဇယ်မှားထည့်မိတာကို ဖြစ်ဖူးကြပါတယ်။ ဒီလိုမှားယွင်းမှုဖြစ်သွားတဲ့အခါ ကားဝပ်ရှော့မှာ ဆီတိုင်ကီချပြီး ဆီအားလုံးဖေါက်ထုတ်ရပါတယ်။ ဒါ့အပြင် ဆီပိုက်လိုင်းအတွင်းရှိ လောင်စာဆီများကိုလည်း ဖယ်ရှားသန့်စင်ကာ ဆီသစ်ထည့်ရတဲ့အတွက် ကုန်ကျစရိတ်များစွာကျစေပါတယ်။
လောင်စာဆီမှားယွင်းတဲ့ ပြစ်ချက်တွေကတော့ ဖြစ်ခဲတဲ့ ကိစ္စတွေဆိုပေမယ့် လောင်စာဆီတွေက ကားအင်ဂျင်အတွက် အဓိကအရေးကြီးတာကြောင့် လုံးဝမှားယွင်းလို့ မရပါဘူး။တချို့ကားတွေက ဆီဆိုင်ကြောင့် ဆီမှားယွင်းထည့်မိတာကိုလည်း ကြုံတွေ့ရသလို လောင်စာဆီမသန့်တာကြောင့် (ရေပါခြင်း) လည်း ကုန်ကျစရိတ်များစွာ ကျစေတာလည်းကြုံတွေ့ဖူးပါတယ်။ တခါက ဆီဆိုင်မှာ ကားကိုဆီထည့်ပြီးမှ ကားက တွန့်ဆုတ် တွန့်ဆုတ်ဖြစ်နေလို့ဆိုပြီး ကားဝပ်ရှော့ရောက်လာပါတယ်။ လိုအပ်တာတွေ စစ်ဆေးလိုက်တဲ့အခါဆီတိုင်ကီထဲမှာ ရေနဲ့ ဆီနဲ့ရောပြီး ရောက်နေတာကိုတွေ့ရပါတယ်။ဆီတိုင်ကီချ၊ သန့်ရှင်းရေးလုပ်ပြီး ဆီလိုင်းတွေကိုလည်း သန့်ရှင်းရေးလုပ်ကာ ဆီအသစ်ပြန်ထည့်မှ ကားက အဆင်ပြေသွားပါတယ်။ တော်သေးတာက ကြီးကြီးမားမားပျက်စီးမှု ဖြစ်မသွားတာကိုဘဲ ကျေးဇူးတင်ရမှာ ဖြစ်ပါတယ်။
ဒါကြောင့် ကားအတွက် လောင်စာဆီဖြည့်တော့မယ်ဆိုရင် အထူးဂရုစိုက်ဖြည့်ဖို့ လိုအပ်သလို လောင်စာဆီမှားယွင်းခြင်းကြောင့် အချိန်ကုန်၊ ငွေကုန်ကြေးကျများပြီး စိတ်ပင်ပန်းရတဲ့အဖြစ်မျိုးမှ ကင်းဝေအောင် ဂရုစိုက်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။