Property Seeker Myanmar

Most Trusted Property Reviews

ကားအလိုင်းမင့်ချိန်ဖို့ ဘာကြောင့်လိုအပ်တာလဲ

မော်တော်ကားတစ်စရဲ့ အလိုင်းမင့် (Wheel Alignment) မှာ အဓိကအားဖြင့် ကမ်ဘာ (Camber)၊ တိုး (Toe) ၊ ကာစတာ (Caster) ဆိုပြီး (၃) မျိုးရှိပါတယ်။ ကမ်ဘာမှာ အနုတ် (Negative) ကမ်ဘာ နဲ့ အပေါင်း (Positive) ကမ်ဘာဆိုပြီး ရှိသလို တိုး မှာလည်း တိုးအင် (IN) နဲ့ တိုးအောက် (OUT) ဆိုပြီးရှိပါတယ်။ အဲ့ဒီလိုဘဲ ကာစတာမှာလည်း အပေါင်း (Positive Caster) ကာစတာ နဲ့ အနုတ် (Negative Caster) ဆိုပြီး ရှိပါတယ်။ ကားရဲ့အလိုင်းမင့် မမှန်တဲ့အခါ ကားတာယာစားနိူင်သလို အန္တရာယ်လည်း ရှိပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ဘာကြောင့်ကားအလိုင်းမင့်ချိန်ဖို့လိုအပ်တာလဲဆိုတာနဲ့ပါတ်သက်ပြီး ဗဟုသုတအဖြစ် မျှဝေပေးပါ့မယ်။

ကားတာယာသက်တမ်းရှည်စေခြင်း – ဒါကတော့ မိတ်ဆွေများလည်း သိပြီးသားဖြစ်ပါတယ်။ ကားအလိုင်းမင့်မမှန်တဲ့အခါ ကားတာယာ စားကုန်မှာဖြစ်သလို တာယာအတွင်းစားခြင်း၊ တာယာအပြင်စားခြင်း၊ ခုတ်စားခြင်း စတဲ့ ပြစ်ချက်တွေ ဖြစ်ပွားနိူင်ပါတယ်။ ဒါကြောင့် ကားတာယာသက်တမ်းရှည်ချင်တယ်ဆိုရင် ကားအလိုင်းမင့်မှန်ဖို့လည်း လိုအပ်ပါတယ်။ ကားအလိုင်းမင့်ချိန်တဲ့အခါ ကားတစ်စီးချင်းစီအလိုက် အချက်အလက်ဒေတာမှန်ဖို့လည်း လိုအပ်ပါတယ်။

ကားဆီစားသက်သာစေခြင်း – ကားအလိုင်းမင့်မှန်တဲ့အခါ ကားတာယာစားသက်သာသလို လောင်စာဆီစားလည်း သက်သာပါတယ်။ အလိုင်းမင့်စနစ်ရဲ့ ကမ်ဘာများနေခြင်း၊ ကာစတာမမှန်ခြင်း၊ တိုး များနေခြင်းကြောင့် အင်ဂျင်ပိုရုန်းရပြီး ဆီစားများစေပါတယ်။ ဒါကြောင့် ကားအလိုင်းမင့်ကို မှန်အောင်အမြဲတမ်းစစ်ဆေးဖို့ လိုအပ်ပါတယ်။

သက်တောင့်သက်သာရှိခြင်း – ကားအလိုင်းမင့် မမှန်ခြင်းကြောင့် စတီယာရင်တုန်ခါခြင်း၊ စတီယာရင် ဘယ်ဆွဲ၊ ညာဆွဲဖြစ်ခြင်း၊ ကားကွေ့ပြီးသွားတဲ့အခါ စတီယာရင် မူလနေရာသို့ ပြန်မရောက်ခြင်းတို့ကြောင့် ကားစတီယာရင်ကို တော်တော်ထိန်းနေရမှာ ဖြစ်ပါတယ်။ ကားအလိုင်းမင့်သာ မှန်နေပါက ကားမောင်းနှင်တဲ့အခါ သက်တောင့်သက်သာဖြင့် လိုရာခရီးကို မောင်းနှင်နိူင်မှာဖြစ်ပါတယ်။

ကားအလိုင်းမင့်ချိန်ခြင်းကို မိုင် ၆၀၀၀ (သို့) ကီလိုမီတာ ၉၆၀၀ မှာတစ်ခါ ချိန်ပေးသင့်ပါတယ်။ ဒါကြောင့် အင်ဂျင်ဝိုင် (၂) ခါလဲပြီးတိုင်း ကားအလိုင်းမင့်တခါချိန်ပေးသင့်ပါတယ်။ ကားအလိုင်းမင့်ချိန်တဲ့ကုန်ကျငွေက ၄၀၀၀ ~ ၇၀၀၀ ကျပ် ဝန်းကျင်သာကုန်ကျတာမို့ အလိုင်းမင့်ချိန်ခြင်းကို ပုံမှန်ပြုလုပ်ပေးသင့်ပါတယ်။

crd:khayan that lay

What’s your Reaction?
+1
2
+1
0
+1
0
+1
0

Leave a Reply

Your email address will not be published. Required fields are marked *

Back to top