Property Seeker Myanmar

Most Trusted Property Reviews

စက်သံကြမ်းခြင်း (သို့) အင်ဂျင်သံကြမ်းခြင်း

နည်းပညာမြင့်လာတာနှင့်အမျှ ကားအင်ဂျင်များရဲ့ စွမ်းဆောင်ရည်တိုးတက်အောင် တီထွင်လာခဲ့ကြသလို အင်ဂျင်မှ ထွက်တဲ့အသံကိုလည်း ညင်သာအောင် (အသံလျော့အောင်) ဖန်တီးလာကြပါတယ်။ ဒါ့ကြောင့် တစ်ချို့ကားအင်ဂျင်တွေဆိုရင် စက်နှိုးထားပေမယ့် စက်သံက တိုးတိုးလေးသာကြားရပါတယ်။ ဒီဆောင်းပါးမှာ ဓါတ်ဆီအင်ဂျင်တစ်လုံးအတွက် စက်သံကြမ်းခြင်း (သို့) အင်ဂျင်သံကြမ်းခြင်း ဖြစ်ရတဲ့ အဖြစ်အများဆုံးပြစ်ချက်များကို ဗဟုသုတအဖြစ် မျှဝေပေးချင်ပါတယ်။

၁) အင်ဂျင်အစိတ်အပိုင်းများ ပျက်စီးခြင်း – အင်ဂျင်ရဲ့အတွင်းထဲမှာ လည်ပတ်လှုပ်ရှားနေတဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ ဗားများ၊ ပစ်စတင်များ၊ ကော်နပ်တင်းရော့များ၊ ကရိုင်းရှပ် (Crankshaft)၊ ကမ်မရှပ် (Camshaft) အစရှိတဲ့ အင်ဂျင်အစိတ်အပိုင်းများ ပွန်းစားခြင်း၊ ပုံစံပျက်ယွင်းခြင်းဖြစ်တဲ့အခါ အင်ဂျင်သံ ကျယ်လောင်စွာထွက်စေပါတယ်။ ဒီပြစ်ချက်ကတော့ အင်ဂျင်အိုဗာဟော (အင်ဂျင်ကိုင်ခြင်း) ပြုလုပ်ရမဲ့ အခြေနေဘဲ ဖြစ်ပါတယ်။

၂) ဘယ်ရင်းများ (Bearing) ပွန်းစားခြင်း – အင်ဂျင်ရဲ့ လည်ပတ်နေတဲ့အစိတ်အပိုင်းများဖြစ်တဲ့ ကရိုင်းရှပ်၊ ကမ်မရှပ်၊ ကော်နပ်တင်းရော့၊ ဘယ်လန့်ရှပ် (Balance Shaft) အစရှိတဲ့ အစိတ်အပိုင်းများမှာ ကြားခံအဖြစ်အသုံးပြုတဲ့ ဘယ်ရင် (Bearing) တွေ အကြောင်းအမျိုးမျိုးကြောင့် ပွန်းစားခြင်း၊ ပျက်စီးခြင်းဖြစ်တဲ့အခါ အင်ဂျင်သံကို ဆူညံစွာထွက်စေပါတယ်။ ဒီပြစ်ချက်အတွက်လည်း အင်ဂျင်အိုဗာဟော လုပ်ဖို့လိုအပ်တာဖြစ်ပါတယ်။

၃) အင်ဂျင်ဝိုင် နည်းခြင်း – တိုက်ပစ်ဆီးလ်များမလုံခြင်း၊ ပူလီဝိုင်ဆီးလ်မလုံခြင်း၊ မိန်းဝိုင်ဆီးလ်မလုံခြင်း နှင့် အင်ဂျင်ဝိုင်ယိုစိမ့်စေနိုင်တဲ့ ပြစ်ချက်များကြောင့် အင်ဂျင်အတွင်း အင်ဂျင်ဝိုင်ပမာဏနည်းသွားတဲ့အခါ ချောဆီပေးစနစ်ကို ကောင်းစွာမလုပ်နိုင်သောကြောင့် ဘယ်ရင်များပွန်းစားပျက်စီးခြင်း၊ အင်ဂျင်လည်ပတ်လှုပ်ရှားနေသောအစိတ်အပိုင်းများ ပျက်စီးခြင်းဖြစ်စေကာ အင်ဂျင်သံကြမ်းစေပါတယ်။ ဒါ့အပြင် အရည်သွေးနိမ့်အင်ဂျင်ဝိုင်ကြောင့်လည်း အင်ဂျင်စက်သံကြမ်းစေပါတယ်။

၄) တိုက်ပစ်သံထွက်ခြင်း – အင်ဂျင်မီးလောင်ခန်း (Combustion Chamber) ရဲ့ တံခါးဖြစ်တဲ့ ဗားတွေကို ကမ်မရှပ်ဖြင့် အဖွင့်အပိတ်ပြုလုပ်ပေးပြီး ဗားနှင့် ကမ်မရှပ်ကြားမှာ သတ်မှတ်ထားတဲ့ အကွာအဝေး (Valve Clearance) ထားရှိရပါတယ်။ အကယ်၍ ဗားအကွာဝေး (Valve Clearance) အရမ်းများသွားတဲ့အခါ ဗားရိုက်သံ (တိုက်ပစ်သံ) ထွက်လာနိုင်ပါတယ်။ ဒါဆိုရင်တော့ ဗားအကွာဝေး (Valve Clearance) ကို ချိန်ညှိပေးဖို့ လိုအပ်ပါတယ်။

၅) နော်ဇယ်သံကြမ်းခြင်း – ဒီပြစ်ချက်ကတော့ ဓါတ်ဆီအင်ဂျင်တွေထက် ဒီဇယ်အင်ဂျင်တွေမှာ အဖြစ်များတဲ့ ပြစ်ချက်တခုဖြစ်ပါတယ်။ နော်ဇယ် (Nozzle, Injector) လောင်စာဆီများကို ဖိအားဖြင့် ဖြန်းပေးတဲ့အခါ ဆီပေးတဲ့တိုင်မင်အလိုက် အသံထွက်စေပါတယ်။ ဒါကတော့ ပုံမှန်ထွက်တဲ့အသံဖြစ်တဲ့အတွက် စိတ်ပူစရာမရှိပါဘူး။ ဒါပေမယ့် လိုအပ်တာထက် ပိုမိုဆူညံစွာ ထွက်ပေါ်လာတယ်ဆိုရင်တော့ နော်ဇယ်များ (အင်ဂျက်တာများ) ကို စစ်ဆေးပေးဖို့ လိုအပ်ပါတယ်။ (ကိုးကား – https://cartreatments.com/)

crd :

What’s your Reaction?
+1
135
+1
39
+1
0
+1
0

Leave a Reply

Your email address will not be published. Required fields are marked *

Back to top