” Thailand Retirement Visa” ဟာဆိုရင် အငြိမ်းစားယူပြီးတဲ့နောက်ပိုင်းရေရှည်နေထိုင်ချင်တဲ့သူတွေအတွက် ရေပန်းအစားဆုံး ဗီဇာအမျိုးအစားတစ်မျိုးဘဲဖြစ်ပါတယ်။ ဒါ့အပြင် ” Thailand Retirement Visa ” အမျိုးအစားဟာ Non-Immigrant O Visa ( ဒါမှမဟုတ် ) Non-Immigrant OA Visa အမျိုးအစားရဲ့ ထပ်တိုးဗီဇာအမျိုးအစားတစ်မျိုးဘဲဖြစ်ပါတယ်။
" Thailand Retirement Visa" ဟာ single entry နဲ့ multiple entries နှစ်မျိုးလုံးအတွက် အကျုံးဝင်တဲ့ ဗီဇာအမျိုးအစားဘဲဖြစ်ပါတယ်။ အဆိုပါဗီဇာအမျိုးအစားဟာ ရေရှည်နေထိုင်ခွင့်ဗီဇာအမျိုးအစားဖြစ်ပြီး ကိုင်ဆောင်သူကို တစ်နှစ်တိတိထိုင်းနိုင်ငံအတွင်းမှာ ဆက်တိုက်နေထိုင်ခွင့်ရရှိစေမှာဘဲဖြစ်ပါတယ်။ တစ်နှစ်တစ်ကြိမ် ဗီဇာသက်တမ်းကို တိုးမြှင့်နိုင်ပြီး ထိုင်းနိုင်ငံတွင်းမှာဘဲ သက်တမ်းတိုးခွင့်ရှိပါတယ်။သို့ပေမယ့် ဗီဇာသက်တမ်းတိုးဖို့ လိုအပ်တဲ့အချက်အလက်တွေ ရှိထားဖို့တော့လိုအပ်ပါလိမ့်မယ်။
” Thailand Retirement Visa” လျှောက်ထားဖို့အတွက် သတ်မှတ်ထားတဲ့ အချက်အလက်လေးတွေရှိပါတယ်။ အဆိုပါအချက်အလက်တွေကတော့ –
- လျှောက်ထားသူဟာ အသက် ၅၀ နဲ့အထက်ဖြစ်ရပါမယ်။
- လျှောက်ထားသူဟာ ဗီဇာလျှောက်ထားစဉ်အတွင်း ထိုင်းနိုင်ငံရဲ့ ဘဏ်တစ်ခုခုမှာ စာရင်းအပ်ငွေ ဘတ် ၈သိန်း နှစ်လခန့် အပ်နှံထားရပါမယ်။
- လစဉ်ဝန်ငွေ ဘတ် ၆၅၀၀၀ အနည်းဆုံးရှိဖို့လိုအပ်ပါတယ်။
- ဘဏ်စာရင်းအပ်ငွေနဲ့ နှစ်စဉ်ဝင်ငွေဟာ စုစုပေါင်း အနည်းဆုံး ဘတ် ၈သိန်းခန့်ရှိရမှာဖြစ်ပါတယ်။ လျှောက်ထားရာမှာ လိုအပ်တဲ့ စာရွက်စာတမ်းတွေကတော့ –
- လုံခြုံစိတ်ချရတဲ့ ဘဏ်အပ်ငွေတွေပြသနိုင်ဖို့အတွက် updated ဖြစ်တဲ့ ဘဏ်စာအုပ် ( ဒါမှမဟုတ် ) ဘဏ်ကထုတ်ပေးထားတဲ့ နှစ်လထက်မနည်းတဲ့ ငွေသွင်းထားကြောင်းပြသထားတဲ့ ဘဏ်စာရွက်တွေနဲ့ စာအုပ်ကို လိုအပ်မှာဘဲဖြစ်ပါတယ်။
- ဝင်ငွေကိုပြသဖို့အတွက်ကတော့ ထိုင်းနိုင်ငံမှာရှိတဲ့ မိမိနိုင်ငံအတွင်းရှိ ထိုင်းသံရုံးကနေပြီးတော့ ကိုယ့်ရဲ့ဝင်ငွေကို အတည်ပြုချက်ရယူရမှာဖြစ်ပါတယ်။
- တကယ်လို့ မိမိနိုင်ငံအတွင်းရှိ ထိုင်းသံရုံးကနေပြီးတော့ ဝင်ငွေကို အတည်ပြုချက် ထုတ်မပေးနိုင်ဘူးဆိုရင်တော့ ၁၂ လအတွင်း ထိုင်းနိုင်ငံဘဏ်အကောင့်ထဲကို တစ်လ ဘတ်၆၅၀၀၀ ပုံမှန်ဝင်ကြောင်းပြသဖို့ လိုအပ်မှာဘဲဖြစ်ပါတယ်။
- အခြားလိုအပ်တဲ့စာရွက်စာတမ်းတွေကတော့
- ရဲစခန်းထောက်ခံစာ
- ဆေးဘက်ဆိုင်ရာထောက်ခံစာ
- ကျန်းမာရေးအာမခံ တို့ဘဲဖြစ်ပါတယ်။အထက်ပါလိုအပ်ချက်တွေအနေနဲ့ ထိုင်းနိုင်ငံအတွင်းမှာဘဲလျှောက်ထားမယ်ဆိုရင်တော့ ပုံမှန်အနေနဲ့လိုအပ်မှာတော့မဟုတ်ပေမယ့် ထိုင်းနိုင်ငံသံရုံးကနေ တရားဝင်တောင်းဆိုတာဖြစ်ဖြစ် အကြံပေးတစ်ဦးဦးကတောင်းဆိုတာဖြစ်ဖြစ် တောင်းဆိုခဲ့မယ်ဆိုရင်တော့ ပြသဖို့ လိုအပ်မှာဘဲဖြစ်ပါတယ်။ ” Thailand Retirement Visa” လျှောက်ထားခြင်း ဆောင်ရွက်မှုအဆင့်ဆင့်
" Thailand Retirement Visa" လျှောက်ထားဖို့ဆိုရင် မိမိနိုင်ငံအတွင်းမှာဘဲဖြစ်စေ၊ ထိုင်းနိုင်ငံအတွင်းမှဖြစ်စေ လျှောက်ထားခွင့်ရှိပါတယ်။ အထက်မှာဖော်ပြခဲ့တဲ့ စာရွက်စာတမ်းတွေကိုတော့ မိမိရဲ့နိုင်ငံထိုင်းသံရုံးမှာ လျှောက်ထားတဲ့အခါမှာတော့ လိုအပ်မှာဘဲဖြစ်ပါတယ်။
( ၁ ) မိမိရဲ့နိုင်ငံအတွင်းမှာဘဲ Non-Immigrant OA Visa လျှောက်ထားခြင်း အထက်မှာဖော်ပြခဲ့တဲ့ စာရွက်စာတမ်းတွေကိုတော့ မိမိရဲ့နိုင်ငံထိုင်းသံရုံးမှာ လျှောက်ထားတဲ့အခါမှာတော့ လိုအပ်မှာဘဲဖြစ်ပါတယ်။သို့ပေမယ့် ကိုယ့်နိုင်ငံမှာရှိတဲ့ ထိုင်းသံရုံး၊အကြံပေးရုံးတိုင်းက အထက်ပါ ဗီဇာအမျိုးအစားတိုင်းကို ထုတ်ပေးနိုင်ဖို့ဆိုတာကတော့ မသေချာပါဘူး။
( ၂ ) ထိုင်းနိုင်ငံအတွင်း Non-Immigrant O Visa လျှောက်ထားပြီး သက်တမ်းတိုးခြင်း။
အထက်ပါဗီဇာအမျိုးအစားကို လျှောက်ထားမယ်ဆိုရင်တော့ မိမိနိုင်ငံအတွင်းက ထိုင်းသံရုံးမှာ ရက် ၉၀ စာ non-immigrant visa အရင်လျှောက်ထားဖို့လိုအပ်မှာဘဲဖြစ်ပါတယ်။ ထိုင်းနိုင်ငံတွင်း retirement visa လျှောက်ထားဖို့အတွက် ရက် ၆၀ စောင့်ဆိုင်းရမှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံတွင်းနေထိုင်တဲ့ နေရပ်လိပ်စာအတည်ပြုချက် ( ရေ၊မီးအသုံးပြုခ၊ငှားရမ်းခြင်းဆိုင်ရာစာချုပ် ) စသဖြင့်လိုအပ်မှာဘဲဖြစ်ပါတယ်။
( ၃ ) ထိုင်းနိုင်ငံသို့ ခရီးသွားအဖြစ်ဝင်ရောက်ပြီးမှ Non-Immigrant O Visa ကိုထိုင်းနိုင်ငံတွင်းလျှောက်ထားခြင်း
ထိုင်းနိုင်ငံသွင်းသို့ ခရီးသွားဗီဇာနဲ့ဝင်ရောက်ပြီးနောက်ပိုင်းမှာလည်း retirement visa ကိုထပ်မံလျှောက်ထားခွင့်ရှိပါတယ်။ အခုလိုလျှောက်ထားခွင့်ကို ထိုင်းနိုင်ငံအတွင်းမှာရှိတဲ့ လူဝင်မှုကြီးကြပ်ရေးမှာ လျှောက်ထားခွင့်ရှိပါတယ်။ ( လက်ရှိကာလမှာ ကိုဗစ်-၁၉ ဖြစ်ပွားနေတာကြောင့် ထိုင်းနိုင်ငံတွင်းလာရောက်မယ့်နိုင်ငံခြားသားတွေအနေနဲ့ travel insurance နဲ့ ဟိုတယ်ကွာရတင်း ၁၄ ရက်ဝင်ရောက်ခြင်း တို့ပါဝင်တဲ့ ပြည်ဝင်ခွင့်ထောက်ခ့ချက် Certificate of Entry ( COE ) ကိုသက်ဆိုင်ရာ ထိုင်းသံရုံးတွေအလိုက် ရယူဖို့လိုအပ်မှာဘဲဖြစ်ပါတယ်။ )
” Thailand Retirement Visa” ရရှိပြီးသူတွေအနေနဲ့ လိုက်နာရမည့်အချက်များ
- ” Thailand Retirement Visa” ရရှိထားသူတွေအနေနဲ့ ထိုင်းနိုင်ငံအတွင်း၎င်းတို့နေထိုင်ရာနေရပ်တွေကို ရက် ၉၀ ပြီးတစ်ခါ လူဝင်မှုကြီးကြပ်ကို တင်ပြရမှာဖြစ်ပြီး လူကိုယ်တိုင်ဖြစ်စေ၊ mail ကဖြစ်စေတင်ပြနိုင်ပါတယ်။
- ခွင့်ပြုထားတဲ့ဗီဇာသက်တမ်းကာလအတွင်း ထိုင်းနိုင်ငံအတွင်းအပြင်ကို ခရီးသွားဖို့ အစီအစဉ်ရှိတယ်ဆိုရင်တော့ multiplie re-entry permit ကိုလျှောက်ထားဖို့လိုအပ်ပါတယ်။ သို့မှာသာ ဗီဇာပယ်ဖျက်ခြင်းကို ကာကွယ်နိုင်မှာဘဲဖြစ်ပါတယ်။
- Retirement Visa ဟာ တစ်နှစ်သက်တမ်းရှိပြီး တစ်နှစ်တစ်ကြိမ်သက်တမ်းတိုးခွင့်ရှိပါတယ်။အဆိုပါဗီဇာသက်တမ်းအတွင်း တစ်နှစ်ကို ဝင်ငွေနဲ့စုငွေစုစုပေါင်း ဘတ် ၈သိန်းခန့်အနည်းဆုံးရှိရမှာဘဲဖြစ်ပါတယ်။
Crd: K.A.E International