Property Seeker Myanmar

Most Trusted Property Reviews

အော်တိုဂီယာမှာပါဝင်တဲ့ P, R, N, D, S, L တို့အကြောင်း တစေ့တစောင်း

အော်တိုဂီယာ မောင်းတတ်ခါစ ယာဉ်မောင်းအချို့သည် အခြေခံအနေနဲ့ P ကို ကားရပ်ထားချိန်၊ R က နောက်ဆုတ်ရန်အတွက် N ဆို ဖရီး မီးပွိုင့်စောင့်ချိန်မျိုးသုံး၊ D ထိုးရင်မောင်းလို့ရပြီ လို့ပဲအလွယ်မှတ်ထားလေ့ရှိကြပါတယ်။ တကယ်လည်း ဒီအတိုင်းမောင်းနှင်ရတာ အဆင်ပြေနေတော့အများစုက ကျန်ဂီယာတွေကို သတိမထားမိတတ်ကြပါဘူး။ဒါကြောင့် ဘယ်လိုအချိန်မှာ ဘယ်ဂီယာနဲ့ အသုံးပြုရမလဲဆိုတာကို သတိမထားမိသူများအတွက် Gear Shift Lever (ဂီယာတံ) မှာပါဝင်တဲ့စာလုံးတွေရဲ့အဓိပ္ပါယ်နဲ့ အသုံးပြုပုံ အကျဉ်းချုပ်လေးတွေကို‌ ဖော်ပြပေးလိုက်ပါတယ်။

P = Parking positionP ကို ကားရပ်ဖို့အတွက်သုံးတယ်လို့ပဲ အလွယ်မှတ်ထားတတ်ကြပါတယ်။ အမှန်ကတော့ အော်တိုဂီယာမှာပါတဲ့ P ဂီယာဆိုတာဟာ လုံးဝရပ်တန့်ထားတော့မယ့်အချိန်မျိုးမှာသုံးတဲ့ ဂီယာမဟုတ်ပါဘူး။ ကားစိတ်ချလက်ချရပ်ဖို့ဆိုရင်တော့ Parking Brake (ဟန်းဘရိတ်) ဆွဲထားဖို့ လိုအပ်ပါတယ်။ P ရောက်မှ ဇက်သော့ ခတ်လို့ရပြီး ကားသော့ကိုဖြုတ်လို့ရပါမယ်။ P နဲ့ N နေရာ မှာပဲ ကားစက်နှိုးလို့ရနိုင်ပါမယ်။

R = Reverse positionR ကတော့ ဘက်ဂီယာ (သို့) နောက်ဆုတ်ချိန်တွင် အသုံးပြုရမယ့် ဂီယာအနေအထားပါ ။

N = Neutral positionN ကိုအသုံးပြုလိုက်မယ်ဆိုရင်တော့ သင့်ကားရဲ့ ဂီယာသည် ဖရီး အနေအထားတွင် ရှိနေမှာဖြစ်ပါတယ်။ တချို့တွေက N နဲ့ ဖရီးရိုက်မောင်းလေ့ရှိကြပါတယ်။ လုံးဝမလုပ်သင့်ပါဘူး။ မီးပွိုင့်တွေမှာလည်း N ထားပြီးစောင့်ရင် ဆီစားပိုသက်သာတယ်ဆိုပြီး လုပ်လေ့ရှိကြပါတယ်။ D အစား N ထားပြီး ရပ်ထားရင် ပြောပလောက်စရာ ဆီစားသက်သာစရာမရှိတာမို့ မီးပွိုင့်မိနေချိန် သိပ်မကြာဘူးဆိုရင် D ထား ဘရိတ်နင်း၍သော်လည်းကောင်း၊ ကြာမယ်ထင်ရင် P ထားပြီးသာ စောင့်ပါ။နောက်တစ်ခုက မိမိရဲ့အော်တိုဂီယာကားလေးပျက်သွားလို့ ကားကိုဆွဲရတော့မယ်ဆိုလျှင် N ထားပြီးဆွဲရုံနဲ့မလုံလောက်ပါဘူး။ ကိုယ့်ရဲ့ကားက ရှေ့ယက်လား၊ နောက်ယက်လား ခွဲခြားပြီး ရှေ့ယက်ဆို ရှေ့ဘီးမြှောက်၊ နောက်ယက်ဆို နောက်ဘီးမြှောက်ပြီးမှ ဆွဲရမှာ ဖြစ်ပါတယ်။

D = Drive positionဒါကတော့ အများသိတဲ့အတိုင်း ရှင်းပါတယ်။ Drive ဆိုတာ စတင် မောင်းနှင်တော့မယ့်အချိန်မှာ သုံးပါတယ်။ ဂီယာနံပါတ် အချက်ရေပေါ်မူတည်ပြီး ရှိသလောက် နောက်ဆုံးဂီယာအထိ အရှိန်နဲ့လိုက်ပြီး အလိုက်သင့် ပြောင်းပေးသွားပါလိမ့်မယ်။2 = 2 speedအများဆုံး အရှိန်ပြောင်း ၂ ခုပဲ ချိန်းပေးပါမယ်။ 2 မှာ ဂီယာစထိုးပြီး ထွက်လည်း ရပါတယ်။ ဘာထိုးထိုးစထွက်မှာကတော့ 1 နဲ့ပဲစထွက်ပါမယ်။ အရှိန်ရလာရင် နောက်တစ်ချက် ထပ်ချိန်းပေးပါမယ်။ တောင်တက်တဲ့လမ်းမျိုးမှာ သုံးသင့်ပါတယ်။ မြေပြန့်မှာ မေ့ပြီးထိုးမိထားရင်တော့ ကားကလည်း တော်တော်ပြေးတယ် ထင်ရပေမယ့် မလိုအပ်ပဲ ဆီစားခြင်းကိုခံရပါမယ်။ (ကြာလာရင်အင်ဂျင်ကိုလည်း ထိခိုက်စေပါတယ်)

S = Snow = 2 speed2 နဲ့ အတူတူပါပဲ။ နှင်းကျချိန်တွေ၊ မိုးအရမ်းရွာပြီး လမ်းချောတတ်တဲ့အချိန် တောင်ဆင်း/တောင်တက်တွေမှာ ဖြည်းဖြည်းမှန်မှန်လေးသွားနေအောင် ဂီယာ နံပါတ် (၂) ထက် ပိုမချိန်းပေးတော့ပါ။

L = Low speedအနိမ့်ဆုံးဂီယာပါ။ နံပါတ် (၁) ဆိုတဲ့ ဂီယာတစ်ချက်နဲ့ပဲ မောင်းနှင်နေမှာဖြစ်ပါတယ်။ မတ်စောက်တဲ့ တောင်တက်တဲ့အခါ/ဆင်းတဲ့အခါ သုံးသင့်ပါတယ်။ နောက်ပြီး ဗွက်နစ်လို့ရုန်းတဲ့အခါမျိုးတွေမှာ အသုံးပြုလို့ရပါတယ်။အော်တိုဂီယာကားကို မောင်းတော့မယ်ဆိုရင် ဘယ်ခြေကို လုံးဝ (လုံးဝ) အသုံးမပြုပါနဲ့။ ညာခြေကိုသာသုံးပြီး လီဗာနဲ့ ဘရိတ်ကိုနင်းပါ။ ကားရဲ့ကွန်ပျူတာစနစ်သည် လီဗာကိုလွှတ်လိုက်ပြီး ဘရိတ်နင်းမှသာ ဘရိတ်နင်းတဲ့ပမာဏအပေါ်မူတည်တွက်ချက်ကာ ဂီယာဒေါင်းသင့် မဒေါင်းသင့် ဆုံးဖြစ်တာ ဖြစ်ပါတယ်။ ဘယ်ခြေက ဘရိတ်၊ ညာခြေက လီဗာ လို့အသုံးပြုပြီး မောင်းနှင်နေမယ်ဆိုရင် ဘရိတ်နဲ့လီဗာကိုတစ်ပြိုင်တည်း နင်းမိထားတာမျိုးတွေကြုံတွေ့ရနိုင်ပြီး ကားရဲ့ကွန်ပျူတာစနစ်က မောင်းနေတာလား ရပ်မှာလား ဆုံးဖြတ်ရခက်စေပါတယ်။နောက်ဆုံးတစ်ခုကတော့ အော်တိုဂီယာကားတွေအရှိန်နဲ့မောင်းနှင်နေစဉ်မှာ ရုတ်တရက်အတားအဆီးတစ်ခုခုပေါ်လာပါက ဂီယာချိန်းတာမျိုးတွေမပြုလုပ်ပါနဲ့။ ဘရိတ်ကိုပဲ နင်းလိုက်ပါ။ ကားရဲ့ကွန်ပျူတာစနစ်က သင့်ထက်လျင်မြန်စွာ ဂီယာဒေါင်းပေးပါလိမ့်မယ်။Credit to – ကားသတင်းစုံ

What’s your Reaction?
+1
344
+1
259
+1
0
+1
0

Leave a Reply

Your email address will not be published. Required fields are marked *

Back to top