ဥပဒေနှင့်အညီ သတ်မှတ် ထားသည့် မြေအမျိုးအစားများမှာ-
၁။ ဘိုးဘွားပိုင်မြေ (မြေပိုင်မြေ)
၂။ မြေငှားဂရန်မြေ
၃။ စကွာတာမြေ
၄။ လိုင်စင်မြေ
၅။ ပါမစ်မြေ
၆။ ဂရန်ရှိမြေပိုင်မြေ
၇။ အခွန်လွတ်သာသနာ့ ဂရန်မြေ
၈။ သိမ်ဂရန်မြေ
၉။ ကျူးကျော်မြေနှင့်
၁ဝ။ စနစ်တကျ ကျူးလွန်ခြင်းမြေ ဟု သတ်မှတ်ခွဲခြားထားပေသည်။
“ပါမစ်မြေဆိုသည်မှာ”
အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ပတ်သက်၍ ပါမစ်မြေဆိုသည်မှာ စည်ပင်ပြန့်ပြောမှုမရှိသေးသည့် နေရာများတွင် စည်းကမ်းချက်ဖြင့် သုံးစွဲ ခွင့်ပြုထားသည့် ”အိမ်ရာ ဆောက်လုပ်နေထိုင်ခွင့်”ချပေး ထားသော မြေအမျိုးအစားဖြစ် သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။
ထို့ကြောင့် ဘိုးဘွားပိုင်မြေ၊ မြေငှားဂရန်မြေများကဲ့သို့ မြေပိုင်ဆိုင်မှုကို အခြေမတည်ဘဲ အိမ်ရာဆောက်လုပ် နေထိုင်ခွင့်အတွက် ချပေးထားသော မြေအမျိုးအစား ဖြစ်သည်။
“လွှဲပြောင်း ရောင်းချခြင်း”
မြေချပါမစ် (အိမ်ရာ ဆောက်လုပ်နေထိုင်ခွင့်လက်မှတ်)တွင် အိမ်ရာမြေကွက်ရသူသည် မြေကွက်ကို ခွဲစိတ်ခြင်း၊ တစ်ဆင့် လွှဲပြောင်း ရောင်း ချ၊ ပေါင်နှံ၊ ပေး ကမ်းခြင်း လုံးဝမပြုရဟု ဖော်ပြ ထားပါသည်။
သို့ရာတွင် ငွေအရင်းအနှီး မြှုပ်နှံလိုသူများအနေဖြင့် ဂရန် မြေအဖြစ် အမည်ပေါက်သွားပါက မြေတန်ဖိုးအဆမတန် ကွာခြား သွား သဖြင့် ပါမစ်မြေများကိုသာ သင့်တင့်ဈေးပေး၍ အရောင်းအဝယ် ကတိစာချုပ် ချုပ်ဆိုကာ လွှဲ ပြောင်း ရယူထားကြပေသည်။
ထို့ နောက် မှ မြေငှားဂရန်ကို လျှောက် ထားရယူလေ့ ရှိကြသည်။
“မြေငှားဂရန် အသစ်ထုတ်ပေးခြင်း”
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက မြေငှား စာချုပ်အသစ် (မြေငှားဂရန်) ထုတ်ပေးရန်နှင့် ပတ်သက်၍ အောက်ပါ အတိုင်း သတ်မှတ်ထား ပေသည်။
မြေငှားဂရန်ထုတ်ပေး သော မြေအမျိုးအစားများမှာလိုင်စင်မြေ၊ စကွာတာမြေနှင့် ပါမစ် မြေတို့ဖြစ်ကြောင်း သတ်မှတ်ထား ပေသည်။
ဂရန်မြေထုတ်ပေးရန်အ တွက် အောက်ပါအချက်များကို ပူး တွဲတင်ပြလျှောက်ထားရပေသည်။