Xiaomi ဟာ ဒီနှစ် မတ်လမှာ အီလက်ထရစ် ကား ကုမ္ပဏီကို တည်ထောင်လိုက်ပြီး အခုတော့ ကုမ္ပဏီ အစည်းအဝေး ၁ ခုမှာ Xiaomi CEO က ကုမ္ပဏီရဲ့ ပထမဆုံး အီလက်ထရစ် ကားကို ထုတ်လုပ်ဖို့ ပြင်ဆင်နေပြီလို့ ပြောပါတယ်။ CEO Lei Jun က ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်မှာ အဲဒီ ကားကို အမြောက်အများ စတင် ထုတ်လုပ်နိုင်မယ်လို့ ယုံကြည်ထားပါတယ်။
Xiaomi ဟာ ဩဂုတ်လမှာ အီလက်ထရစ် ကားကုမ္ပဏီကို မှတ်ပုံတင်ခဲ့ပြီး လာမယ့် ၁၀ နှစ်အတွင်း အဲဒီ ကုမ္ပဏီမှာ ဒေါ်လာ ၁၀ ဘီလီယမ် ရင်းနှီးမြှပ်နှံဖို့ စီစဉ်ထားပါတယ်။ ကုမ္ပဏီက မောင်းသူမဲ့ ကားနည်းပညာကို ဖန်တီးနေတဲ့ DeepMotion ကို ဝယ်ယူထားပြီးပြီ ဖြစ်ပြီး ကုမ္ပဏီအသစ်အတွက် ဝန်ထမ်းများကိုလည်း ငှားရမ်းနေပါတယ်။
Xiaomi ဟာ ကားတွေကို ကိုယ်တိုင် ထုတ်လုပ်မှာလား တခြား ကုမ္ပဏီတွေကို ထုတ်လုပ်ခိုင်းမလား ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ Xiaomi က နာမည်ကြီး ကားကုမ္ပဏီတွေကို သူ့ရဲ့ ကားတွေ ထုတ်လုပ်ကောင်းထုတ်လုပ်ခိုင်းလာနိုင်ပါတယ်။
Xiaomi သာမကဘဲ Apple , Google တို့ဟာလည်း အီလက်ထရစ် ကားတွေ ထုတ်လုပ်ရောင်းချမယ်ဆိုတဲ့ သတင်းတွေထွက်နေတာ နှစ်အနည်းငယ်တောင် ရှိနေပါပြီ။ Xiaomi ဟာ စမတ်ဖုန်း နယ်ပယ်အပြင် တခြား အီလက်ထရောနစ် ထုတ်ကုန်နယ်ပယ်တွေကိုပါ နယ်ချဲ့ထားပါတယ်။ အခုတော့ အီလက်ထရစ် ကား နယ်ပယ်ကို ဝင်ရောက်လာတော့မှာပါ။
crd: digital time