Property Seeker Myanmar

Most Trusted Property Reviews

Facebook နှင့် Twitter က ပိတ်ထားသဖြင့် ထရန့်က ကိုယ်ပိုင်လူမှုရေး ကွန်ရက်ကို စတင်မည်

လွှတ်တော်ပုန်ကန်မှု ဖြစ်ပွားခဲ့ပြီးနောက် Twitter နှင့် Facebook တိုု့၏ ပိတ်ပင်မှုကိုခံခဲ့ရသည့် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်သည် အောက်တိုဘာ ၂၀ ရက်တွင် ကိုယ်ပိုင်လူမှုရေး ကွန်ရက်ကို စတင်မည့် အစီအစဉ်များအား ထုတ်ပြန်ကြေညာလိုက်ရာ အင်တာနက်တွင် ၎င်း၏ လွှမ်းမိုးမှုကို ပြန်လည်ရယူရန် နောက်ဆုံးကြိုးပမ်းမှု ဖြစ်လာသည်။ယခုကဲ့သို့လုပ်ဆောင်ရန် စီစဉ်မှုသည် ထရန့်အနေဖြင့် ၂၀၂၄ ခုနှစ်တွင် သမ္မတအဖြစ် ထပ်မံအရွေးခံရေးအတွက် အရှိန်မြှင့်ကြိုးပမ်းနေသည်ဆိုသောသတင်းများကို နောက်ထပ်အားကောင်းစေခဲ့သည်။“TRUTH Social Trump Media & Technology Group( TMTG) က ပိုင်ဆိုင်မှာဖြစ်ပါတယ်။ ဖိတ်ကြားထားတဲ့ ဧည့်သည်တွေအတွက် ရှေ့လမှာ အစမ်းလွှင့်တင်တာကို စတင်လုပ်ဆောင်မယ်လို့ မျှော်လင့် ရပါတယ်။ Apple ရဲ့ App Store မှာ ကြိုတင်မှာယူလို့ ရပါတယ်” ဟု TMTG အုပ်စုက ထုတ်ပြန်သည်။

TMTG အုပ်စုသည် လူကြိုက်များသော ဗီဒီယိုများကို အခကြေးငွေဖြင့်ပြသပေးရန် ရည်ရွယ်ထားပြီး အဆိုပါဝန်ဆောင်မှုတွင် လူမျိုးရေးခွဲခြားမှု မရှိသော ဖျော်ဖြေရေးအစီအစဉ်များကို ပြသသွားမည်ဖြစ်သည်။ ယင်း အစီအစဉ်ကို American’s Got Talent မှ အမှုဆောင်ထုတ်လုပ်သူ စကော့စိန့်ဂျွန်က ဦးဆောင်မည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။၎င်း၏ သမ္မတသက်တမ်းအတွင်း အထူးသဖြင့် Twitter ကို မိုးတစ်လုံးလေတစ်လုံး ပြောဆိုသော လက်နက်အဖြစ် နှစ်ပေါင်းများစွာ ကိုင်ဆွဲခဲ့သော ဒေါ်နယ်ထရန့်သည် ၎င်းအား မှားယွင်းစွာ ပိတ်ပင်ခဲ့သော နည်းပညာ ကုမ္ပဏီကြီးများနှင့် ထိပ်တိုက်တွေ့ခဲ့သည်။“နည်းပညာလုပ်ငန်းကြီးတွေရဲ့ လက်ဝါးကြီးအုပ်မှုကိုကြံ့ကြံ့ခံဖို့ ကျွန်တော်ဟာ TRUTH Social နဲ့TMTG တို့ကိုဖန်တီးခဲ့ ပါတယ်” ဟု ထရန့် ပြောခဲ့သော စကားကို ထုတ်ပြန်ချက်တွင် ကိုးကားဖော်ပြခဲ့သည်။ဇန်နဝါရီလ ၆ ရက်က အမေရိကန်လွှတ်တော် တွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုကို သွေးထိုး လှုံ့ဆော်ခဲ့သည်ဆိုကာ Twitter နှင့် Facebook တို့က ထရန့်ကို ပိတ်ပင်ခဲ့သည်။

“ Twitter ပေါ်မှာ တာလီဘန် အများကြီးရှိနေတဲ့ လောကမှာ ကျွန်တော်တို့ နေထိုင်နေကြပါတယ်။ ဒါပေမဲ့ ခင်ဗျားအကြိုက်ဆုံး အမေရိကန်သမ္မတဟာ ရေငုံနှုတ်ပိတ်ခံထား ရပါတယ်။ ဒါဟာ လက်မခံနိုင်စရာပါ” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။သမ္မတ ဂျိုးဘိုင်ဒင်၏ ရွေးကောက်ပွဲ အောင်ပွဲကို ပယ်ချရန်ကြိုးပမ်းသည့်အနေဖြင့် လွန်ခဲ့သော ကိုးလက ထရန့် ထောက်ခံသူ ထောင်ပေါင်းများစွာ လွှတ်တော်ကိုကျူးကျော် ဝင်ရောက်ခဲ့သည့် ဇန်နဝါရီ ၆ ရက်တိုက်ခိုက်မှု ကို အမေရိကန်ကွန်ဂရက်ဆိုင်ရာ စုံစမ်းစစ် ဆေးသူများက စုံစမ်းစစ်ဆေးလျက်ရှိသည်။ ဂျိုးဘိုင်ဒင်ကို တရားမျှတစွာ ရှုံးခဲ့သော ရွေးကောက်မှာမဲလိမ်သောရွေးကောက်ပွဲ ဖြစ်သည်ဟု အခြေအမြစ်မရှိ မိန့်ခွန်းကို ဇန်န ၀ါရီလ ၆ ရက်အစောပိုင်းတွင် ထရန့်က မာန်ပါပါပြောကြားကာ ၎င်းအား ထောက်ခံသူ များကို သွေးထိုးခဲ့သည်။ ထရန့်သည် လွှတ် တော်တိုက်ခိုက်မှုတွင် ကိုယ်ရေးကိုယ်တာအ ရပါဝင်ခဲ့သည်ဟုလည်း စုံစမ်းရေးကော်မ တီကတရားစွဲခဲ့သည်။Facebook သည် ဇန်နဝါရီ ၇ ရက်တွင် ထရန့်ကို အချိန်အကန့်အသတ်မရှိ ပိတ်ပင်ခဲ့သည်။

Crd : AFP

What’s your Reaction?
+1
261
+1
156
+1
6
+1
0

Leave a Reply

Your email address will not be published. Required fields are marked *

Back to top