Property Seeker Myanmar

Most Trusted Property Reviews

ဒေါ်လာသန်း ၂၉၀ ရင်းနှီးမြှုပ်နှံထားသည့် အလုံဆိပ်ကမ်းမှ ဘီလျံနာ အက်ဒနီ၏ APSEZ ကုမ္ပဏီ နှုတ်ထွက်မည်

အိန္ဒိယဘီလျံနာ အက်ဒနီပိုင်ဆိုင်တဲ့ Adani Group က သူတို့ရဲ့ မြန်မာနိုင်ငံက ရင်းနှီးမြှုပ်နှံထားမှုကို လာမယ့် ၂၀၂၂ ခုနှစ်၊ ဇွန်လမှာ နှုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်ကြောင်း မနေ့က ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ အခြေအနေကို ပြန်လည်သုံးသပ်ပြီး ကုမ္ပဏီရဲ့ ရင်းနှီးမြှုပ်နှံမှုမှ ထွက်ခွာမယ့် အစီအစဉ်ကို လုပ်ဆောင်ဖို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ဆုံးဖြတ်ခဲ့ပြီး ၂၀၂၂ ခုနှစ် မတ်လမှ ဇွန်လအထိ အပြီးသတ်ဖို့ မျှော်လင့်ထားကြောင်း ကုမ္ပဏီဘက်က တင်သွင်းတဲ့ စာတမ်းမှာ ဖော်ပြထားပါတယ်။အက်ဒနီအုပ်စုက တပ်မတော်ကျောထောက်နောက်ခံပြု မြန်မာစီးပွားရေးကော်ပိုရေးရှင်း (MEC) က ငှားရမ်းထားတဲ့ မြေပေါ်မှာ ဒေါ်လာသန်း ၂၉၀ ရင်းနှီးမြှုပ်နှံပြီး အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတစ်ခု တည်ဆောက်နေပါတယ်။

အဆိုပါဆိပ်ကမ်းစီမံကိန်းကို ကမ္ဘာလုံးဆိုင်ရာ အပြိုင်အဆိုင်လေလံနဲ့ ပြီးခဲ့တဲ့နှစ်က တင်ဒါအောင်မြင်ခဲ့ပြီး စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံဖို့ ကန်ဒေါ်လာသန်း ၂၉၀ လိုအပ်တယ်လို့ ဆိုပါတယ်။Adani ဆိပ်ကမ်းများနှင့် အထူးစီးပွားရေးဇုန်လီမိတက်က မြန်မာနိုင်ငံကို အမေရိကန်အစိုးရက ‘ပိတ်ဆို့အရေးယူခံထားရသောတိုင်းပြည်’အဖြစ် သတ်မှတ်မယ်ဆိုရင် ရန်ကုန်မြို့မှာ ဖော်ဆောင်မယ့် သူ့ရဲ့ ကွန်တိန်နာဆိပ်ကမ်းစီမံကိန်းကို စွန့်လွှတ်မယ်လို့ ပြောကြားထားဖူးပါတယ်။ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း နော်ဝေးပင်စင်ရန်ပုံငွေအဖွဲ့ KLP က အက်ဒနီအုပ်စုရဲ့ မြန်မာစစ်တပ်နဲ့ ဆက်နွယ်မှုက ရန်ပုံငွေရဲ့ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှု ပေါ်လစီကို ချိုးဖောက်ရာကျတဲ့အတွက် ကုမ္ပဏီမှာ ထည့်ဝင်ထားတဲ့ သူ့ရဲ့ရှယ်ယာတွေကို ဖယ်ထုတ်လိုက်ကြောင်း ကြေညာခဲ့ပါတယ်။

Crd: BETV Business

What’s your Reaction?
+1
233
+1
123
+1
21
+1
0

Leave a Reply

Your email address will not be published. Required fields are marked *

Back to top