Earning USD ကို အတင်းရောင်းခိုင်းတယ်။ ဒေါ်လာစျေး တွေ ဆင်းကုန်တယ်။ သီတင်းကျွတ် ရုံးပိတ်ရက်တွေ ဆက်ကုန်ပါတယ်။ သက်တမ်းလွန်ခါနီး Earning USD တွေ ပုံသွားတယ်။ ယခုလို ရုံးပြန်ဖွင့်တော့ သက်တမ်းကုန်ခါနီး USD တွေ ပိုများသွားတယ်။ အကုန်စျေးတွေ ထိုးကျတာပေါ့။ ဘယ်သူတွေ ဝယ်သလဲ ဆိုရင် စကစ ၏ အမိန့်ဟာ အတည်မဟုတ်နိုင်ဖူးဆိုတဲ့ လူတွေ ယခု အောက်စျေးနဲ့ ဝယ်စုတယ်။ (စာရွက်စာတမ်းတွေ BL စတာမျိုးတွေတော့ ပြရတာပေါ့)
နောက်တခုက အရေးတကြီး import လုပ်ရမည့် သမားတွေ ဝယ်တယယ်။ import ကြိုတင်လုပ်ထားမည့်သူတွေဝယ်ကြပါတယ်။ထို့အတွက် ကျ ပေမယ့် အကျနှေးတယ်ယူဆရမယ်။ထိုအချိန်မှာ ဘဏ်စနစ်ထဲကို ယခင်က ပြန်ရောင်းတဲ့ သံရုံးတွေ၊ နိုင်ငံခြားကုမ္ပဏီတွေ၊ တဦးချင်းပိုင် USD တွေ အများအပြားရှိလာတယ်။ဗဟိုဘဏ်အောက်က ဘဏ်တွေကလည်း ယခင်လို ပမာဏ ကန့်သတ်ချက်ကို ပယ်ဖျက်ပြီး ရောင်းသလောက် ပြန်ဝယ်ပေးတယ်။။
ထို့ကြောင့် ဗဟိုဘဏ်စနစ်အောက်ကို ဒေါ်လာတွေ အများအပြားပြန်ရောက်သွားပါတယ်။ထို့အတွက် ယခင်က တစ်ခါရောင်း သုံးသန်း၊ ခြောက်သန်းစသည်ဖြင့် အလီလီရောင်းရတဲ့ စကစဗဟိုဘဏ်ဟာ တစ်ခါရောင်း သန်း ၃၀၊ သန်း ၅၀ စသည်ဖြင့် ရောင်းချလာနိုင်ပါတယ်။ထို့အတွက် ၂၁၀၀ စျေးမှာ တင်းခံနေတဲ့ ဒေါ်လာအား ၂၀၀၀ စျေး၊ ၁၉၀၀ စျေး ရောက်အောင် ဆွဲချနိုင်တာ တွေ့ရပါတယ်။
ထို့အတူ ၂၂၀၀ လောက်စျေးတန်းလောက်ပေါက်ခဲ့တဲ့ Earning ဟာ စကစဗဟိုဘဏ်က သက်တမ်းသတ်မှတ်ပြီးနောက် ယခု လဆန်းမှာ ၂၀၀၀ စွန်းစွန်းလေးပြန်ဆင်းသွားတယ်။ စကစ ဗဟိုဘဏ်စနစ်အောက််မှ ဘဏ်များ၏ ဝယ်စျေးကလည်း ထိုအချိန်မှာ ၁၉၇၀ လောက် အထိ တက်ပေးပါတယ်။
ဒါပေမယ့် သီတင်းကျွတ်ရုံးပိတ်ရက််မတိုင်မီမှာ စကစဗဟိုဘဏ်အောက်က ဘဏ်တွေက ၁၈၈၀ ပတ်ချာလည်အထိ စျေးချပြီးဝယ်ပေးပါတယ်။ ထို့အပြင် သန်း ဆယ်ဂဏန်းလောက်ကို ၁၈၂၀ ကျော်ဖြင့် ရောင်းပေးပါတယ်။ထို့အတွက် စကစ ဗဟိုဘဏ်တွေမှာ ကျစျေးကြောင့်မရောင်းတဲ့ Earning USD ကိုင်ထားသူများကို သက်တမ်း သတ်မှတ်ချက်ဖြင့် ဖိအားပေးခြင်း အပြင် စျေးနုန်းသတ်မှတ်ချက်ဖြင့် စကစ ဗဟိုဘဏ်က ဖိအားပေးလာနိုင်တဲ့အခါမှာ ဒေါ်လာစျေးက ထိုးဆင်းလာပါတယ်။
ဒီတော့ ဘယ်လောက်အထိ ထိုးဆင်းမလဲဆိုရင်တော့
၁။ ယနေ့အချိန်အထိ Earning USD အများအပြားဆက်ကိုင်ထားသူ ကုန်သည် ဘယ်နှစ်ယောက်ရှိသလဲ။ USD amount ဘယ်လောက်ရှိမလဲ
၂။ ဗဟိုဘဏ်ဟာ သူ့အမိန့်အတိုင်း သက်တမ်းလွန် Earning တိုင်းကို အကုန်ဖြတ်ဝယ်ပေးမှာလား
၃။ သက်တမ်းလွန် Earning ဝယ်တဲ့အခါမှာ နှိမ်စျေးဖြင့် ဝယ်တာအပြင် cash ပေးအုံးမှာလား။
ဘဏ်အကောင့်ဖြင့်ချေမှာလား…???
၄။ Earning ပြန်ရောင်းချရတော့မည့် Earning အများအပြားကိုင်ဆောင်ထားသူ ကုန်သည်တွေမှာ ချေးငွေပြန်မဆပ်သူ ရာခိုင်နုန်းဘယ်လောက်ရှိနိုင်သလဲ။ Earning ပြန်ဝယ်ပြီး မြန်မာငွေတွေ ဘဏ်စနစ်ထဲရောက်လာရင် ချေးငွေပြန်ဆပ်ခိုင်းမှာလား
၅။ ဗဟိုဘဏ်က ယခုလ အတွင်း ငွေစက္ကူ အသစ်ထွက်တာ သိပ်မတွေ့ရလို့ ဘဏ်ငွေသွားထုတ်ရင် တစ်ထောင်တန်တွေချည်း တွေ့နေရတာ ဘာကြောင့်လဲ။
စသော အချက််များက ဒေါ်လာစျေး ဘယ်လောက်အထိ ပြန်ကျမလဲ ဆိုတာ ဆုံးဖြတ်သွားမှာပါ။ဒါကြောင့် ယခုတခါဒေါ်လာစျေးပြန်ကျတာဟာ စကစဗဟိုဘဏ်၏ ပေါ်လစီကြောင့်သာ ဆိုင်ပါတယ်။ စျေးကွက်သဘောတရားကို ဖီဆန်နေပါတယ်။နောက်တခုက ယနေ့ဖြစ်နေတဲ့ ဒေါ်လာစျေးကမောက်ကမ ဟာ သွင်းကုန်များပြီး ပို့ကုန်နည်းလို့မဟုတ်ပါ။ စဗဟိုဘဏ်စနစ်အောက််မှ ငွေများကို မယုံကြည်၍ လူတွေကငွေထုတ်ကြရာမှ စတင်ပါတယ်။
ဒါကြောင့် ဒေါ်လာစျေးမမောက်ကမ မဖြစ်အောင် ထိန်းချင်တယ်ဆိုရင် ဘဏ်တွေကို ယုံကြည်မှုရအောင် ပြန်လည်တည်ဆောက်ရေးသာ အဖြေဖြစ်ပါတယ်။ဒါကို မလုပ်ပဲ အာဏာစက်ဖြင့် ဝင်ထိန်းရင်တော့ ယခု Earning တွေ အကုန်သိမ်းပြီးနောက် Export လည်းသိပ်မထွက်တော့ရင် ရေရှည်မှာ ထိန်းနိုင်ဖို့ခက်ပါတယ်။ဒါကြောင့် လက်ရှိဖြစ်ပျက်နေတာများကို ပြန်ချုပ်သော် ဒေါ်လာစျေး ဘယ်လောက်အထိ ဆက်ကျနိုင်သလဲဆိုရင် စကစဗဟိုဘဏ်က ဖြစ်စေချင်သော နှုန်းကို ရောက်အောင်တော့ ဒိရက်ပိုင်း အတွင်းဆွဲချနိုင်ပါတယ်။
ထိုနုန်းက သူတို့ပြောတာတွေကို ဖတ်ကြည့်တော့ ၁၂၀၀ ကျပ်စျေးတန်းဖြစ်နေတယ်။ဒါကတော့ Export သမားတွေ တွက်ချေမကိုက်နိုင်ပဲ သမားတွေ မကိုက်နိုင်၍ မဖြစ်နိုင်ပါ။ (မဖြစ်နိုင်ဆိုပေမယ့် မလုပ်ဖူးဟုလည်းမပြောနိုင်)ဒါကြောင့် USD ကို ၁၂၀၀ ကျပ်စျေးတန်းအထိ မရောက်ဖူးဆိုရင် ၁၇၅၀ စျေးတန်းလေးက မျှတယ်။ဒါပေမယ့် ယခု လို အမိန့်၏ နောက်ဆုံး last date Nov 3rd ကလည်း ကပ်နေတော့ ယခုတောင် သူတို့ရောင်းစျေးက ၁၇၉၀ ဆိုတော့ ကပ်နေတယ်ဆိုတော့ ၁၇၅၀ က အချိန်မရွေးရောက်သွားနိင်ပါတယ်။
ဒီလောက်အထိ ခန့်မှန်းနိုင်သလို ဘဏ်တွေကို လူမယုံကြည်မှုပြဿနာကလည်း အများအပြားရှိသေးတော့ ယခုလို ဒေါ်လာစျေး ခတ္တ ကျသွားလည်း စျေးကွက်သဘောအရ ရေရှည်မှာ ထိန်းနိုင်မယ်မထင်ပါ။ ဗဟိုဘဏ် လက်ထဲဒေါ်လာကုန်သွားတဲ့ တနေ့မှာ ပြန်တက်အုံးမယ်ဟု ယူဆရမှာပါ။
#ဆရာမြတ်မော်ရေးသားသုံးသပ်ချက်အားပြန်လည်မျှဝေသည်