Apple က အီလက်ထရစ် ကားကို ဖန်တီးနေတဲ့ သတင်းတွေ ထွက်နေတာ နှစ်အနည်းငယ် ရှိပါပြီ။ အခုတော့ Apple Car ကို ၂၀၂၅ ခုနှစ်မှာ ရောင်းချနိုင်ပြီး အဲဒီ အီလက်ထရစ်ကားဟာ အလိုအလျှောက် မောင်းနှင်နိုင်မယ်လို့ သတင်းထွက်လာပါတယ်။
Apple Car ကို ဖန်တီးနေတဲ့ အဖွဲ့ဟာ မောင်းသူကို ကူညီပေးတဲ့ လုပ်ဆောင်ချက်တွေပါတဲ့ ရိုးရိုး အီလက်ထရစ်ကားကို ထုတ်လုပ်ရမလား၊ အလိုအလျှောက် မောင်းနှင်နိုင်တဲ့ အီလက်ထရစ်ကားကို ဖန်တီးရမလားဆိုတာ စဉ်းစားနေခဲ့ပါတယ်။ အခုတော့ Bloomberg ရဲ့ သတင်းအရ Apple ဟာ အလိုအလျှောက် မောင်းနှင်နိုင်တဲ့ အီလက်ထရစ်ကားကို ဖန်တီးဖို့ရွေးချယ်လိုက်ပြီလို့ ထင်ရပါတယ်။
Apple Car စီမံကိန်းကို Project Titan လို့ နာမည်ပေးထားပြီး Kevin Lynch က အဲဒီ စီမံကိန်းကို ဦးဆောင်နေပါတယ်။ အဲဒီ ကားမှာ စတီယာရင်နဲ့ ခြေနင်းတွေ မပါတဲ့အတွက် လူက လုံးဝ ဝင်ရောက် ထိန်းကြောင်းစရာ မလိုပါဘူး။
လူရဲ့ ထိန်းကြောင်းမှု လုံးဝ မလိုတဲ့ မောင်းသူမဲ့ ကားကို Level 6 Autonomous Vehicle အဖြစ် သတ်မှတ်ထားပြီး လက်ရှိမှာ အဲဒီစံနှုန်းရှိတဲ့ ကားကို ဘယ်သူမှ မဖန်တီးနိုင်သေးပါဘူး။ Apple က အဲဒီလို ကားကို ဖန်တီးပြမယ် ဆိုတာက တော်တော် စိတ်ဝင်စားစရာ ကောင်းပါတယ်။