Property Seeker Myanmar

Most Trusted Property Reviews

Foxconn က ဉရောပနှင့် အိန္ဒိယမှာ ၂၀၂၄ တွင် အီဗီ စက်ရုံများ တည်ဆောက်မည်

Foxconn ဉက္ကဋ္ဌ Young Liu က အီဗီ တပ်ဆင် ထုတ်လုပ်မှုများကို ဒေသတွင်းမှာ အခြေစိုက် နေရာယူ ထုတ်လုပ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။အဲဒီလို လုပ်ကိုင်ဖို့အတွက် ဥရောပ၊ အိန္ဒိယနဲ့ မြောက် သို့မဟုတ် တောင် အမေရိကတို့မှာ ၂၀၂၄ မတိုင်ခင် စက်ရုံတွေ ထူထောင်သွားမယ်လို့ ဆိုပါတယ်။Foxconn က လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်ရေး ကဏ္ဍမှာ ကျယ်ကျယ်ပြန့်ပြန့် နေရာယူနိုင်ဖို့ ခပ်သွက်သွက် မောင်းနှင်နေတာကို တွေ့ကြရပါတယ်။”ဒေသတွင်း ထုတ်လုပ်မှုက ကျွန်တော်တို့ရဲ့ ကမ္ဘာ့ အီးဗီ လုပ်ငန်း ဖွံ့ဖြိုးရေးအတွက် အခရာကျပါတယ်” လို့ Foxconn ဉက္ကဋ္ဌ Young Liu က ပြောကြားပါတယ်။

အစိုးရနဲ့ဖြစ်စေ၊ အစိုးရမှ ထောက်ခံချက်ပေးတဲ့ ပြည်တွင်းလုပ်ငန်းများနှင့်ဖြစ်စေ အတူလက်တွဲပြီး လုပ်ကိုင်သွားမယ်လို့ Young Liu က ပြောကြားပါတယ်။အမေရိကန်နိုင်ငံမှာ လျှပ်စစ်မော်တော်ယာဉ် လုပ်ငန်း Lordstown Motors ရဲ့ ထုတ်လုပ်မှု ပလက်ဖောင်းကို ဝယ်ယူခဲ့ပြီးပြီဖြစ်ပါတယ်။ Lordstown Motors မှ ထုတ်လုပ်မယ့် လျှပ်စစ်မော်တော်ယာဉ် ပစ်ကပ်ထရပ် အမျိုးအစားကို အမေရိကန် ပြည်တွင်းဈေးကွက်အတွက် ၂၀၂၂ ဧပြီလမှာ စတင်ထုတ်လုပ်ဖို့ အစီအစဉ် ချမှတ်ထားပါတယ်။ထိုင်းနိုင်ငံမှာတော့ နိုင်ငံပိုင်လုပ်ငန်း ရေနံဓာတ်ငွေ့ကုမ္ပဏီနှင့် လက်တွဲပြီး အရှေ့တောင်အာရှဒေသတွင်း ဈေးကွက်အတွက် ထုတ်လုပ်မှာ ဖြစ်ပါတယ်။တရုတ်ပြည်တွင်းဈေးကွက်အတွက် တရုတ်နိုင်ငံမှ Zhejiang Geely Holding နဲ့ ပူးပေါင်းလုပ်ကိုင်မှာ ဖြစ်ပါတယ်။ Foxconn က ဆော့ဖ်ဝဲပိုင်းကို ပေးအပ်နိုင်ပြီး ချာစီဒီဇိုင်းများကိုလည်း ကားထုတ်လုပ်လိုသူများအတွက် ဒီဇိုင်းထုတ်ပေးနိုင်ပါတယ်။ ရောင်းချမယ့်ဈေးကွက်နဲ့ လိုက်လျောညီထွေမှု ရှိအောင် ဒီဇိုင်းတွေကို ပြုပြင်မွမ်းမံပေးနိုင်ပါတယ် လို့ Liu က ပြောကြားပါတယ်။

” ကုမ္ပဏီတစ်ခုက ကားအသစ်တစ်စီး ထုတ်လုပ်ဖို့ အမေရိကန်ဒေါ်လာ သန်း ၃၆၀ ဝန်းကျင် အနည်းဆုံးအနေဖြင့် ရင်းနှီးမြှုပ်နှံရပါတယ်။ Foxconn ရဲ့ ဝန်ဆောင်မှုတွေက ကုန်ကျစရိတ် သက်သာအောင်၊ ဒီဇိုင်းထုတ်တဲ့အဆင့်မှ ကားထုတ်လုပ်တဲ့အဆင့်အထိ ယူရတဲ့ အချိန်ကိုလည်း လျော့နည်း အောင် ကူညီပေးနိုင်ပါတယ်” လို့ Liu က ရှင်းပြပါတယ်။Foxconn ရဲ့ အီးဗီကဏ္ဍကို ငါးနှစ်အတွင်း အမေရိကန်ဒေါ်လာ ၃၅ ဘီလျံလုပ်ငန်း အဖြစ်သို့ ရောက်ရှိစေဖို့ ရည်မှန်းချက် ချမှတ်ထားပါတယ်။

crd . Automobile guide

What’s your Reaction?
+1
261
+1
125
+1
36
+1
0

Leave a Reply

Your email address will not be published. Required fields are marked *

Back to top