Property Seeker Myanmar

Most Trusted Property Reviews

O/D Off ခလုတ်အသုံးပြုခြင်း၊အသုံး၀င်ပုံ။

မိတ်ဆွေတို့အနေနဲ့ မော်တော်ကားရဲ့ ဂီယာတံဘေးနားမှာ O/D (သို့) O/D Off ဆိုတဲ့ ခလုတ်လေးကို တွေ့မြင်ဖူးကြမှာပါ။ O/D ဆိုတာ Over Drive ဆိုတဲ့ အဓိပါယ်ဘဲဖြစ်ပါတယ်။

ကားတိုင်းတော့ မပါပါဘူး။ Over drive မမောင်းချင်ရင် ပိတ်ဖို့အတွက် ခလုတ်ကို တပ်ဆင်ပေးထားတာဖြစ်ပါတယ်။

Over Drive Off ဆိုတာကတော့ အရှိန်လွန်မောင်းနှင်မှုကို ထိန်းချုပ်တဲ့စနစ် ဖြစ်ပါတယ်။ O/D Off ခလုတ် ကိုနှိပ်ထားရင် အမြင့်ဆုံး (အမြန်ဆုံး) ဂီယာထိ မဝင်ပါဘူး။

ဥပမာ ပြောရရင် ဂီယာ (၆)အထိပါတဲ့ကားမှာ O/D Off ခလုတ်နှိပ်ထားရင် အမြင့်ဆုံးဂီယာဖြစ်တဲ့ နံပါတ် (၆) အထိမချိန်းပေးဘဲ နံပါတ် (၅) အထိသာ အလုပ်လုပ်စေပါတယ်။

O/D Off ခလုတ်ကိုနှိပ်ထားရင် ဒိုင်ခွက်မှာ O/D Off ဆိုတဲ့ မီးအဝါလေးလင်းနေတဲ့အခါ ဒီစနစ်က စတင်အလုပ်လုပ်ပါတယ်။ ဒီစနစ်စတင်အလုပ်လုပ်နေရင် ဂီယာတချက်လျော့နေတဲ့အတွက် ဆီးပိုစားပါမယ်။

O/D Off ကို တောင် အတက်ဆင်းလမ်းများမှာ အဓိကအသုံးပြုရပါတယ်။ တောင် အတက်အဆင်းတွေမှာ O/D ခလုတ် မပိတ်ဘဲ D ဖြင့် ပုံမှန်မောင်းနေပါက ဂီယာဘောက်အတွင်းမှာ ဂီယာ ခဏခဏ ချိန်းရတဲ့အတွက် ဆီပူလာပြီး ကလပ်ပလိတ် နာကာ ဂီယာဘောက်ပျက်စီးတတ်ပါတယ်။

အော်တိုဂီယာကားတွေရဲ့ ဂီယာဘောက်ပျက်စီးမှုအများဆုံးကလည်း တောင် အတက်ဆင်းလမ်းတွေမှာ O/D Off ခလုတ် ကိုမသုံးကြလို့ဘဲ ဖြစ်ပါတယ်။

O/D Off ကိုသုံးပြီး မြေပြန့် ခရီးဝေးမောင်းရင်လည်း ဂီယာ တစ်ချက် လျော့နေတဲ့အတွက် ဆီပိုစားနှုန်းများပြီး ရေရှည်မှာ ဂီယာဘောက်စနစ် ထိခိုက်စေပါတယ်။

ဒါကြောင့် မလိုအပ်ဘဲ O/D off ခလုတ်ကို နှိပ်ထားပြီး O/D Off မီးဝါလေးကို ဒိုင်ခွက်မှာ လင်းမထားပါနဲ့ခင်ဗျာ…။

What’s your Reaction?
+1
361
+1
246
+1
3
+1
0

Leave a Reply

Your email address will not be published. Required fields are marked *

Back to top