ကလီဖိုးနီးယားအခြေစိုက် ၊ လျှပ်စစ်ဇိမ်ခံကား ထုတ်လုက်သည့် ကုမ္ပဏီ Lucid Motor ရဲ့ ပထမဆုံး မော်ဒယ်ဖြစ်တဲ့ Lucid Air ဟာ Motor Trend ကရွေးချယ်တဲ့ ၂၀၂၂ ခုနှစ်ရဲ့ အကောင်းဆုံးကား( 2022 Car of the Year)ဆုကို ရရှိခဲ့ပါတယ်။ကားထုတ်လုပ်တဲ့ကုမ္ပဏီ Lucid ရဲ့ ပထမဆုံး ထုတ်လုပ်တဲ့ မော်ဒယ်မှာပဲ ဒီဆုကိုရရှိခဲ့တာဖြစ်ပါတယ်။
ဒါဟာ မော်တော်ကားထုတ်လုပ်သည့်ကုမ္ပဏီ အားလုံထဲမှာတော့ ပထမဆုံးလည်းဖြစ်ပါတယ်။၂၀၁၂ ခုနှစ်တွင် Telsa ရဲ့Telsa Model S ကားအမျိုးအစားက ဒီဆုကို ရရှိခဲ့ဖူးပါတယ်။ သို့သော် Telsa Model S ဟာ Tesla Roadster ပြီးနောက် Tesla ရဲ့ ဒုတိယမြောက် ထုတ်လုပ်တဲ့ ကားမော်ဒယ်အမျိုးအစား ဖြစ်ပါတယ်။ဒါကြောင့် Lucid ဟာ ပထမဆုံးထုတ်လုပ်တဲ့ကားမှာပဲ ဆုရတယ်ဆိုတဲ့ မှတ်တမ်းကို ရရှိသွားခဲ့ခြင်းဖြစ်ပါတယ်။Lucid Air ရဲ့အချို့သောဗားရှင်းများဟာ တစ်ကြိမ်အားသွင်းထားရုံဖြင့် မိုင်ပေါင်း ၅၂၀ မိုင်အထိ မောင်းနှင်နိုင်မှာ ဖြစ်သည့်အပြင် စွမ်းဆောင်ရေကောင်းမွန်တဲ့ ဇိမ်ခံကားအမျိုးအစားဖြစ်ပါတယ်။
Lucid ရဲ့ CEO ဖြစ်သူ ပီတာ ရော်လင်ဆန် (Peter Rawlinson) ဟာ တစ်ချိန်က Tesla တွင် အလုပ်လုပ်ခဲ့ပြီး Tesla Model S ကို တည်ဆောက်ရာတွင် အင်ဂျင်နီယာအဖြစ် ကူညီပေးခဲ့သူဖြစ်ပါတယ်။Lucid Air ကို ဖန်တီးရာတွင် စွမ်းဆောင်ရည်ကို အဓိကအာရုံစိုက်ထားကြောင်း ၎င်းက ဆိုပါတယ်။ Lucid Air ဟာ အမေရိကတွင် ရောင်းချခဲ့သည့် စွမ်းအင်အသက်သာဆုံး လျှပ်စစ်ကားဖြစ်ကြောင်းလည်း EPA ခန့်မှန်းချက်အရ သိရပါတယ်။Lucid Air ကားရဲ့တန်ဖိုးကတော့ ဒေါ်လာ ၇၇,၀၀၀ ကနေ ဒေါ်လာ ၁၄၀,၀၀၀ ရှိနေပြီး မြန်မာငွေနဲ့ဆိုရင် ကျပ်သိန်း ၁၄၀၀ ခန့် ကနေ ကျပ်သိန်း ၂၅၀၀ ခန့်ကြားမှာ တန်ကြေးရှိနေတဲ့အတွက် ဈေးကတော့ ပုံမှန်ကားတွေထက် မြင့်မားပါတယ်။Ref:CNN,STD