Property Seeker Myanmar

Most Trusted Property Reviews

ကားဆီကုန်အောင် မောင်းသင့်လား

ကားဆီကုန်အောင် မောင်းသင့်လားဒီဆောင်းပါးလေးကတော့ ဓါတ်ဆီကားတွေအတွက် အဓိက ရည်ရွယ်တာဖြစ်ပါတယ်။ ကားတစ်စီးကို ဆီကုန်အောင်မောင်းလိုက်တဲ့အခါ ကားထိုးရပ်သွားမယ်ဆိုတာကတော့ အားလုံးသိပြီးသားဖြစ်ပါတယ်။ အဓိကဆွေးနွေးချင်တာကတော့ ကားတစ်စီးကို ဆီကုန်အောင်မောင်းလိုက်တဲ့အခါ ဖြစ်ပေါ်ကြုံတွေ့ရမယ့် ပြဿနာတွေဘဲ ဖြစ်ပါတယ်။ဓါတ်ဆီကားတွေအတွက် ကားဆီတိုင်ကီထဲမှာ ဆီပန့် (Fuel Pump) ကိုတပ်ဆင်ထားပြီး တိုင်ကီထဲက ဆီကို ဖိအားဖြင့် တွန်းတင်ပေးတာဖြစ်ပါတယ်။

ဆီပန့်မကောင်းတဲ့အခါ လောင်စာဆီကို ဖိအားဖြင့် တွန်းတင်နိုင်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် ဆီပန့်ကို လောင်စာဆီထဲမှာ နှစ်မြုပ်ထားပြီး ဆီပန့်အပူချိန်ကျအောင် ( အေးအောင်) လောင်စာဆီဖြင့် အအေးခံပေးတာဖြစ်ပါတယ်။လောင်စာဆီကို ကုန်တဲ့အထိ (သို့မဟုတ်) ဆီမီးအဝါလေးလင်းတဲ့အထိ မောင်းလိုက်တဲ့အခါ လောင်စာဆီပန့်က ဆီထဲမှာ နှစ်မြုပ်မနေတဲ့အတွက် ဆီပန့်အပူချိန်မြင့်တက်စေပါတယ်။ အပူချိန်မြင့်တက်လာတဲ့အတွက် လောင်စာဆီပန့်ရဲ့ ခုခံအားလည်းမြင့်တက်စေကာ ပန့်လည်ပတ်မှုကို ကျဆင်းစေပြီး ဆီဖိအားကို ကျဆင်းစေပါတယ်။ အဲ့ဒီအခါ သတ်မှတ်ထားတဲ့ ဆီဖိအားကို မရောက်ရှိဘဲ အင်ဂျင်အဆွဲအရုန်းကိုကျဆင်းစေသလို စက်ရပ်တဲ့အထိ ဖြစ်စေနိုင်ပါတယ်။

ဒါ့အပြင် လောင်စာဆီကုန်ခါနီးအထိ အသုံးပြုတဲ့အတွက် ဆီတိုင်ကီထဲက အမှုန်များ၊ ရေများက ဆီလိုင်းအတွင်း ရောပါလာစေကာ ဆီလိုင်းချေးပိတ်ခြင်း၊ ဆီပရက်ရှာဆင်ဆာ ချေးပိတ်ပျက်စီးစေခြင်း၊ အင်ဂျက်တာများ ချေးပိတ်ခြင်းနှင့် အင်ဂျင်အဆွဲအရုန်းကိုလည်း ကျဆင်းစေပါတယ်။လောင်စာဆီမီး အဝါလင်းတဲ့အထိ ကြိမ်ဖန်များစွာ အသုံးပြုမိတဲ့အခါ လောင်စာဆီပန့်ရဲ့ စွမ်းဆောင်ရည်ကျဆင်းပြီး နောက်ပိုင်းမှာ လောင်စာဆီ ၁ တုံးလောက်ကျန်တဲ့အချိန်မှာ လီဗာနင်းမရခြင်း၊ လီဗာနင်းလိုက်တဲ့အချိန် စက်ထိုးရပ်ခြင်း စတဲ့ ပြစ်ချက်များကို ဖြစ်စေနိုင်ပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းကတော့ လောင်စာဆီကို နည်းနည်းလေးဘဲကျန်တဲ့အထိ မောင်းနှင်အသုံးပြုတာ များလာတဲ့အခါ ဆီပန့်စွမ်းဆောင်ရည် ကျဆင်းလာတဲ့ပြစ်ချက်က အဓိက ကျပါတယ်။ဒါဆိုရင်တော့ လောင်စာဆီပန့်ကို အသစ်လဲပေးမှသာ ဒီပြစ်ချက်ကို ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် လောင်စာဆီကို ဆီမီး အဝါရောင်လင်းတဲ့အထိ မောင်းနှင်အသုံးပြုခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်စေချင်ပါတယ်။ ဒါမှသာ နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်တဲ့ လောင်စာဆီပန့်ပျက်စီးစေခြင်း၊ ဆီလိုင်းချေးပိတ်ခြင်း၊ အဆွဲအရုန်းကျခြင်းတို့ကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

crd. Hkayan Thar lay

What’s your Reaction?
+1
4
+1
3
+1
1
+1
1

Leave a Reply

Your email address will not be published. Required fields are marked *

Back to top